Warning: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0 in /home/gejajnvo/public_html/mai-new/templates/hititcs/index.php on line 176

Warning: file_get_contents(https://book-myanmar.crane.aero/ibe/search/currencies): Failed to open stream: no suitable wrapper could be found in /home/gejajnvo/public_html/mai-new/templates/hititcs/index.php on line 176

Warning: Undefined array key "GEOIP_COUNTRY_CODE" in /home/gejajnvo/public_html/mai-new/templates/hititcs/index.php on line 185
ကျွန်ုပ်တို့အကြောင်း

MAI အကြောင်းတစေ့တစောင်း

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI ကို ၁၉၉၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံတကာလေကြောင်း (ကုမ္မဏီ) တစ်ခုအဖြစ် တည်ထောင်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် လေကြောင်းလိုင်းသည် မြန်မာအမျိုးသားပိုင် ပုဂ္ဂလိကကုမ္မဏီတစ်ခုဖြစ်လာခဲ့ပြီး ကမ္ဘောဇကုမ္မဏီများအုပ်စု၏ အပြည့်အဝပေါင်းစည်းထားသောကုမ္မဏီ ဖြစ်လာခဲ့သည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI သည် လွတ်လပ်သည့် ဒါရိုက်တာအဖွဲနှင့် စီမံခန့်ခွဲမှုအဖွဲ့တစ်ရပ်၏ ဦးဆောင်မှုဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

MAI လေယာဉ်အုပ်စုတွင် Airbus A320 လေယာဉ်သစ်ကြီးပါဝင်ပြီး မြန်မာနှင့် ကမ္ဘာတစ်ဝှမ်းမှ သင်တန်းဆင်းလေယာဉ်မှူးများ၊ ပျံသန်းရေးလက်ထောက် (လေယာဉ်မောင်၊ မယ်များ) ပါဝင်သည့် လေယာဉ်အဖွဲ့သားများမှ မောင်းနှင်ပျံသန်းလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ လေယာဉ်ပျံသန်းမှုများသည် မြန်မာမြို့ပြ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ လိုအပ်ချက်များနှင့် နိုင်ငံတကာမြို့ပြ လေကြောင်းပို့ဆောင်ရေးအဖွဲ့၏ ပျံသန်းရေးဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များကို အပြည့်အဝလိုက်နာဆောင်ရွက်လျက်ရှိပါသည်။
ကျွန်ုပ်တို့ခရီးသည်များ၏ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးနှင့် ကိုယ်စိတ်ချမ်းသာ သက်တောင့်သက်သာရှိစေရေးသည် လေကြောင်းလိုင်း၏ ဦးစားပေးပင်ဖြစ်သည်။ MAI အနေဖြင့် ၁၀၀ ရာခိုင်နှုန်း မတော်တဆဖြစ်မှုကင်းစင်သော မိမိတို့လေကြောင်းလိုင်းပျံသန်းမှုများကို အစဉ်တစိုက် ထိန်းသိမ်းထားနိုင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်လျက်ရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် ကမ္ဘာ့တစ်ခုတည်းသော ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ရလာဒ်အဆင့်သတ်မှတ်သည့် အေဂျင်စီဖြစ်သော Airline Rating.com ၏ အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်သည့် ကြယ်ခုနှစ်ပွင့် (7 Stars) ကို ရရှိခဲ့ပါသည်။

MAI သည် ရန်ကုန်မြို့နှင့် စင်္ကာပူ၊ ကွာလာလမ်ပူ၊ ဘန်ကောက်၊ ဂါယာ၊ ကွမ်ကျိုးနှင့် ကာလကတ္တားမြို့များအကြား လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိသည့်ပြင် မန္တလေးမြို့နှင့် ဘန်ကောက်မြို့အကြားတွင်လည်း လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲပေးနေပါသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကွမ်ကျိုး၊ ဟန်ကျိုး၊ ဟီဖေး၊ နန်ချောင့်နှင့် ဖူကျိုးအပါအဝင် လေယောဉ်ပျံသန်းမှုလမ်းကြောင်း ၅ ကြောင်းကိုလည်း ပြေးဆွဲပေးလျက်ရှိပါသည်။ ၂၀၁၃ ခုနှစ်၊ မတ်လတွင် MAI အနေဖြင့် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့နှင့် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တို့သို့ စင်းလုံးငှားလေကြောင်းပျံသန်းမှုများကို စတင်ဆောင်ရွက်ခဲ့ပါသည်။
ကျွန်ုပ်တို့၏ နိုင်ငံတကာလုပ်ငန်းလက်တွဲဖက်များတွင် Air France Industries၊ Korean Air၊ Asiana Airlines၊ Malaysia Airlines၊ Garuda Indonesia နှင့် Sri Lankan Airlines တို့ပါဝင်ပါသည်။

MAI သည် IATA Clearing House (ICH)၊ IATA ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး MITA System ၏ လုပ်ငန်းဖက်တစ်ဦးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လေကြောင်းလိုင်းဂုဏ်ပုဒ်တစ်ခုဖြစ်သော IATA Operational Safety Audit Program (IOSA) ရရှိသည့် မြန်မာနိုင်ငံမှ ပထမဆုံးလေကြောင်းလိုင်းဖြစ်ပါသည်။ အာဆီယံစီးပွားရေးအကြံပေးကောင်စီ (ASEAN-BAC) မှ ကြီးမှူးစီစဉ်ကျင်းပသည့် ၂၀၁၄ အာဆီယံစီးပွားရေးစွမ်းဆောင်ဆုများ ချီးမြှင့်ပွဲတွင် MAI လေကြောင်းလိုင်းကို မြန်မာနိုင်ငံတွင် “ချီးကျူးလေးစားဖွယ်အကောင်းဆုံး အာဆီယံစီးပွားရေးလုပ်ငန်း” အမည်ပေးခြင်းခံခဲ့ရပါသည်။

 

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း ကုမ္မဏီလီမိတက် (MAI)
အမှတ် (၈၈) ၊ International Business Center (IBC) ၊
(၁၁) ရပ်ကွက်၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း - (+၉၅၁) ၉၆၇ ၀၀၀၇
Fax - (+951) ၆၆၂ ၆၂၇
Website: www.maiair.com
Facebook: facebook.com/8Mofficial