Warning: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0 in /home/gejajnvo/public_html/mai-new/templates/hititcs/index.php on line 176

Warning: file_get_contents(https://book-myanmar.crane.aero/ibe/search/currencies): Failed to open stream: no suitable wrapper could be found in /home/gejajnvo/public_html/mai-new/templates/hititcs/index.php on line 176

Warning: Undefined array key "GEOIP_COUNTRY_CODE" in /home/gejajnvo/public_html/mai-new/templates/hititcs/index.php on line 185
Sky Smile အစီအစဉ်

Sky Smile အစီအစဉ်

Sky Smile အဖွဲ့၀င်များ အကောင့်၀င်ရန်/ အကောင့်ဖွင့်ရန်

 

  • MAI နှင့် Air KBZ လေကြောင်းလိုင်းမှ ဆောင်ရွက်လျက်ရှိသော MAI နှင့် Air KBZ Sky Smile အစီအစဉ်သည် MAI နှင့် Air KBZ အား အစဉ်အမြဲအားပေးစီးနင်းနေကြသော ခရီးသည်များအတွက် ကျေးဇူးတုံ့ပြန်သည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။

  • အစီအစဉ်တွင်ပါဝင်သည့် အဖွဲ့ဝင်များအား MAI နှင့် Air KBZ လေကြောင်းခရီးစဉ်များတွင် စီးနင်းလိုက်ပါခဲ့မှုများကို အခြေခံကာ ခရီးမိုင်များဖြင့် မှတ်တမ်းတင်ထားရှိမည်ဖြစ်ပါသည်။ အဆိုပါခရီးမိုင်များကို စည်းမျဉ်းစည်းကမ်းများ၊ ကြိုတင်သတ်မှတ်ထားသော ခရီးမိုင်နှုန်းထား များနှင့် ဤအစီအစဉ်တွင် ဖော်ပြထားသည့် ကန့်သတ်ချက်များနှင့်အညီ မှတ်တမ်းတင်ထားမည် ဖြစ်ပါသည်။

  • Sky Smile အစီအစဉ် အဖွဲ့ဝင်ဖြစ်ရန် သတ်မှတ်ထားသည့် လိုအပ်ချက်များနှင့်ကိုက်ညီပြီး အဖွဲ့ဝင် အစီအစဉ်တစ်ခုတွင်ပါဝင်ရန် ဥပဒေအရ တိကျစွာတားမြစ်ထားခြင်းမရှိသော အသက် ၁၂ နှစ်ပြည့် ပြီးသူ မည်သူကိုမဆို ပါဝင်ခွင့်ပြုပါသည်။

  • Sky Smile အစီအစဉ်သို့ပါ၀င်ရန် စိတ်ဝင်စားသူမည်သူမဆို Sky Smile အစီအစဉ် အဖွဲ့ဝင် လျှောက်လွှာကို ဖြည့်စွက်ရန်လိုအပ်မည်ဖြစ်ပါသည်။ Sky Smile အစီအစဉ် အဖွဲ့ဝင် လျှောက်လွှာကို www.maiair.com (သို့မဟုတ်) www.airkbz.com တွင် ရရှိနိုင်ပါသည်။ လျှောက်လွှာဖြည့်စွက်ပြီး လေကြောင်းလိုင်းများ၏ Website များမှတဆင့် အီလက်ထရောနစ် ပုံစံဖြင့်လည်းကောင်း၊ MAI နှင့် Air KBZ Call Center များမှတဆင့် တယ်လီဖုန်းဖြင့် စာရင်းပေးသွင်းခြင်းကိုလည်းကောင်း တရားဝင်လျှောက်ထားမှုအဖြစ် သတ်မှတ်သွားမည် ဖြစ်ပါသည်။ လျှောက်ထားသူသည် အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကို သေချာစွာသိရှိနားလည်ပြီး ၎င်းတို့ကိုလိုက်နာရန် သဘောတူညီကြောင်း အတည်ပြုပေးရမည် ဖြစ်သည်။

  • MAI နှင့် Air KBZ Sky Smile အစီအစဉ်၏ အဖွဲ့ဝင်ဖြစ်မှုသည် အခမဲ့ဖြစ်ပြီး အဖွဲ့ဝင်သစ်အဖြစ် စာရင်းသွင်းထားသူများအနေဖြင့် အဖွဲ့ဝင်အဖြစ်ဆက်လက်တည်ရှိရန် ပထမ ၆ လအတွင်း အနည်းဆုံး တစ်ကြိမ် လေယာဉ်စီးနင်းလိုက်ပါရန် လိုအပ်မည်ဖြစ်သည်။ အကယ်၍ အဆိုပါကာလအတွင်း လိုက်ပါ စီးနင်းခြင်းမရှိကြောင်း စိစစ်တွေ့ရှိပါက အဖွဲ့ဝင်အဖြစ်မှ အလိုအလျှောက်ရပ်စဲခံရမည်ဖြစ်သည်။

  • လေကြောင်းလိုင်းများမှ Sky Smile အစီအစဉ် အဖွဲ့ဝင်နံပါတ် ထုတ်ပေးသည်နှင့်ချက်ချင်း အဖွဲ့ဝင် အဖြစ် အကျိုးသက်ရောက်မည်ဖြစ်သည်။

  • အဖွဲ့ဝင်ဖြစ်မှုသည် လူပုဂ္ဂိုလ်များ (သို့မဟုတ်) အုပ်စုများ (သို့မဟုတ်) အဖွဲ့အစည်းများအား တရား ဝင်ခွင့်ပြုပေးထားခြင်းမရှိပေ။ Sky Smile အစီအစဉ်သည် အဖွဲ့အစည်းဖြင့် အဖွဲ့ဝင်၍မရပါ။

  • Sky Smile အစီအစဉ်သည် အဖွဲ့ဝင်အဖြစ်တစ်ဦးကိုသာ ခွင့်ပြုသည်။

  • အစီအစဉ်၏ သက်တမ်းကာလမှာ ၂ ပိုင်းခွဲခြားထားပြီး တစ်ပိုင်းမှာ အဖွဲ့ဝင်အဆင့်အတွက်နှင့် အခြားတစ်ပိုင်းမှာ ဆုခရီးမိုင်ဖြစ်သည်။

    အဖွဲ့ဝင်အဆင့်ရမှတ်များ - မိုင်စုဆောင်းရရှိမှုအပေါ် အခြေခံလျက် သက်တမ်းကာလမှာ ၂ နှစ် ဖြစ်သည်။
    ဆုခရီးမိုင် - သက်တမ်းကာလမှာ ၂ နှစ် ဖြစ်သည်။ သို့ရာတွင် အမှန်တကယ်စုဆောင်းရရှိမှုနှင့် ဆုလက်မှတ်လဲလှယ်မှုပေါ်မူတည်သည်။
  • Sky Smile အဖွဲ့ဝင်နှင့်ဆက်နွယ်နေသော အကျိုးခံစားခွင့်များ အသုံးချနိုင်မှုကို Sky Smile အဖွဲ့ဝင်တစ်ဦးမှ အခြားပုဂ္ဂိုလ်တစ်ဦး သို့လွှဲပြောင်းပေးနိုင်သည်။ Sky Smile အစီအစဉ် အဖွဲ့ဝင် များသည် ၎င်းတို့၏ အသေးစိတ်အချက်အလက်များကို Sky Smile Database တွင် မှတ်တမ်းတင်ထားပြီးမှသာ Sky Smile အစီအစဉ် အကျိုးခံစားခွင့်များကို ရရှိပိုင်ခွင့်ရှိမည်ဖြစ် သည်။

  • ျမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အဖွဲ့ဝင်များ၏ အဆင့်တစ်ခုသို့ တိုးမြှင့်ပေးရန် မည်သည့်တောင်းဆိုမှုကိုမဆို လုံးဝလက်ခံ ဆောင်ရွက်ပေးမည်မဟုတ်ပါ။

 

အဖွဲ့ဝင်အဆင့် သတ်မှတ်ချက်များ

မိုင်စုဆောင်းခြင်

မိုင်အစားထိုးလဲလှယ်ခြင်

မိုင်ဝယ်ယူခြင်

ပရိုမိုးရှင်း(အထူးလျှော့စျေး)

အစားအစာနှင့်အဖျော်ယမကာ
ဖက်ရှင်နှင့် အလှအပရေးရာ
ကျန်းမာရေး
ဟိုတယ်